တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရန် မြှင့်တင်မည်ဟု ဆွေးနွေးခဲ့ကြ

(GMT+08:00)2024-08-27 11:34:17  

သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က မကြာသေးမီက တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄နိုင်ငံတို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၄နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ နိုင်ငံဖြတ်ကျော်ပြစ်မှု ကျူးလွန်မှုပြဿနာနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း၊ ဘက်အသီးသီးတို့က ယခင် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို ပူးတွဲတိုက်ဖျက်ရာ၌ အောင်မြင်မှုများရရှိခဲ့ခြင်း အခြေခံပေါ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး ညှိနှိုင်းဆောင်ရွက်မှုများ ရင်းနှီးကာ အွန်လိုင်းလောင်းကစားလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လူကုန်ကူးမှုစသည့် ပြစ်မှုကျူးလွန်မှုများကို တိုက်ဖျက်ရန် မြှင့်တင်၍ ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် သဘောတူညီမှုများကို တစ်ညီ တစ်ညွတ် တည်း ရရှိခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။