လွန်ခဲ့သည့်နှစ်များအတွင်း တရုတ် ပြည်သူ့ လုံခြုံရေး ဌာနများသည် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အဆိုပြုချက်ကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ပြီး နိုင်ငံအသီးသီးတို့မှ တရားဥပဒေ စိုးမိုးရေး ဌာနများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို နိုင်ငံခြား တရားဥပဒေ စိုးမိုးရေး ဌာနများနှင့် တည်ထောင်သည့်အပြင် နိုင်ငံဖြတ်ကျော် ပြစ်မှုများကို ပူးတွဲ တိုက်ဖျက်ခဲ့ကြကြောင်း၊ ဥပမာအားဖြင့်၊ မြန်မာနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနသည် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ခေါင်းဆောင် ၁၀ ဦးကို တစ်ကြိမ်တည်း လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ သံသယရှိသူ စုစုပေါင်း ၅၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီဖြစ်ကြောင်း၊ "ရွှေတြိဂံ" ဒေသတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သော ပြစ်မှုများ ပူးတွဲ တိုက်ဖျက်ရေးနှင့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းစသည့်နိုင်ငံများမှ တရားဥပဒေ စိုးမိုး ရေး ဌာနများနှင့်အတူ နိုင်ငံဖြတ်ကျော် ပြစ်မှုများ လက်တွဲ တိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်ပြီး တရုတ်နိုင်ငံနှင့် ပတ်သက်သော နိုင်ငံဖြတ်ကျော် ပြစ်မှုများကို ထိထိရောက်ရောက် တိုက်ဖျက်ခဲ့ကြောင်း တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ကျင်းပ သည့် “အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်း” စီးရီး သတင်း စာ ရှင်းလင်း ပွဲမှ သတင်းအရ သိရပါသည်။
တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသည် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ သံသယရှိသူ စုစုပေါင်း ၅၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့
(GMT+08:00)2024-08-27 13:25:10