၂၀၂၅ ခုနှစ် ပိုအော် အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို လာမည့်နှစ် မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်

(GMT+08:00)2024-08-27 13:22:58  

ဩဂုတ်လ ၂၆ ရက်နေ့က ပိုအော်အာရှဖိုရမ် ဘန်ကောက် စားပွဲဝိုင်းဆွေးနွေးပွဲအတောအတွင်း ဖိုရမ် ကောင်စီ ဥက္ကဋ္ဌ ဘန်ကီမွန်းက ၂၀၂၅ ခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို လာမည့်နှစ် မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ တရုတ်နိုင်ငံဟိုင်နန်ပြည်နယ် ပိုအော်မြို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ပိုအော်အာရှဖိုရမ် ဘန်ကောက်စားပွဲဝိုင်းဆွေးနွေးပွဲသည် လာမည့်လတွင် ကျင်းပမည့် ကုလသမဂ္ဂ အနာဂတ် ထိပ်သီးအစည်းအဝေးကို ထင်ဟပ်စေကာ၊ အာရှရှုထောင့်မှ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင် ဖြေရှင်းဖို့ အတွေးအမြင်များကို ရှာဖွေရန်နှင့် ကုလသမဂ္ဂ ၂၀၃၀ ခုနှစ် အစီအစဉ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အာရှနိုင်ငံများ လက်တွေ့ဆောင်ရွက်ခြင်း မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။