တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းစစ်နယ်သည် တပ်ဖွဲ့၏ ထောက်လှမ်းမှု၊ ကြိုတင်သတိပေးမှု၊ ဘက်ပေါင်းစုံမှ ပိတ်ဆို့ထိန်းချုပ်မှု နှင့် တိုက်ခိုက်မှု စွမ်းရည်ကို စစ်ဆေးရန် အတွက် ကြည်းတပ် နှင့် လေတပ် တပ်ဖွဲ့တို့သည် သြဂုတ်လ ၂၇ ရက်နေ့မှစပြီး တရုတ်နှင့် မြန်မာ နယ်စပ်ဒေသ၏ တရုတ်ပြည်ပိုင်းတွင် လက်နက်အစစ်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ် ကြောင်း၊ စစ်နယ်မှ တပ်ဖွဲ့များသည် အမျိုးမျိုးသော အရေးပေါ် အခြေအနေများကို ကိုင်တွယ် ဖြေရှင်းရန် အမြဲအဆင်သင့်ဖြစ်နေပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသ တည် ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်နှင့် ပစ္စည်းဥစ္စာများ လုံခြုံရေးတို့ကို ပြတ်ပြတ်သားသား ကာကွယ် စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်နယ် မှ ပြောရေးဆိုခွင့်ရှိသူ၊ လေတပ် စီနီယာဗိုလ်မှူးကြီး Tian Junli က ပြောကြားခဲ့သည်။