အမေရိကန် သမ္မတ၏ နိုင်ငံတော်ရေးရာ လက်ထောက် Sullivan သည် ဘေကျင်းသို့ ရောက်ရှိ

(GMT+08:00)2024-08-27 15:46:23  

  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို နိုင်ငံခြားရေးရာ လုပ်ငန်း ကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိ၏ ဖိတ်ကြားချက်အရ အမေရိကန် သမ္မတ၏ နိုင်ငံတော်ရေးရာ လက်ထောက် Sullivan သည် သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်ပြီး တရုတ်နှင့် အမေရိကန်ကြား မဟာဗျူဟာ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။

   သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက Sullivan သည် လေယာဉ်ဖြင့် ဘေကျင်းသို့ ရောက်ရှိခဲ့သည်။ ယင်းသည် ၈ နှစ် ပြီးနောက် အမေရိကန် သမ္မတ၏ နိုင်ငံတော်ရေးရာ လက်ထောက်၏ နောက်ထပ်တစ်ကြိမ် တရုတ်ခရီးစဉ် ဖြစ်ပြီး Sullivan ၏ သမ္မတ၏ နိုင်ငံတော်ရေးရာ လက်ထောက် တာဝန် သက်တမ်းအတွင်း ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်သလို နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ ဆန်ဖရန်စစ္စကို သဘောတူညီချက်ကို ဖော်ဆောင်ရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်ချက်လည်း ဖြစ်ပါသည်။