တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် အာဖရိကနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လိုကြောင်းတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-08-27 11:33:37  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က သြဂုတ်လ ၂၆ ရက်နေ့တွင် ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ သတင်းထောက်တစ်ဦး၏ တရုတ်-အာဖရိက ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် Lin Jian က

တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စိုက်ပျိုးရေးစီမံကိန်း ၄၇ ခုကို အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာလူရည်ချွန် ၉၀၀၀ နီးပါးကို လေ့ကျင့်သင်ကြားပေးကာ ခေတ်မီပြီး အသုံးချနိုင်သော နည်းပညာပေါင်း ၃၀၀ ကျော်ကို မြှင့်တင်၍ အာဖရိကရှိ လယ်သမားမိသားစု ၁ သန်းကျော်ကို အကျိုးပြုခဲ့ပြီး Juncao နည်းပညာသည် ဒေသခံ သိန်းချီ လူဦးရေ၏ ဝင်ငွေကို တိုး စေခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ မျိုးစပ်ဆန်စပါးသည် အာဖရိကနိုင်ငံအများအပြားတွင် ဆန် ထုတ် လုပ် မှုကို တစ်ဟက်တာလျှင် ပျမ်းမျှ ၂ တန်မှ ၇ ဒသမ ၅ တန်အထိ မြှင့်တင်ခဲ့ကြောင်း၊ တရုတ် နိုင်ငံအနေနှင့် ၂၀၂၄ တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ထိပ်သီးအစည်းအဝေး ကျင်းပတော့မည့် အခွင့်ကောင်းကို ယူပြီး  အာဖရိကနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ကို ဆက်လက်မြှင့်တင်ကာ  အာဖရိ က ပြည်သူများအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးလိုကြောင်း ပြောကြားခဲ့ပါ သည်။