သြဂုတ်လ ၂၅ ရက်နေ့က ပြင်သစ်တရားစီရင်ရေးဌာနသည် ဆိုရှယ်မီဒီယာပလက်ဖောင်း Telegram တည်ထောင်သူ၊စီအီးအို Pavel Durov အား ချုပ်နှောင်သည့် ကာလကို သက်တမ်းတိုးခဲ့သည်။
Durov ကိုဖမ်းဆီးပြီးနောက် ဆိုရှယ်မီဒီယာ Telegram သည် ၎င်းက ဒစ်ဂျစ်တယ် ဝန်ဆောင်မှုအက်ဥပဒေ အပါအဝင် အီးယူဥပဒေနှင့်အညီလိုက်နာသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဧပြီလတွင်ပင် Durov က အမေရိကန်သည် "Telegram" ကို နည်းအမျိုးမျိုးဖြင့် အာရုံစိုက်ပြီး ခြေရာခံနေကြောင်း အင်တာဗျူးတစ်ခုတွင် ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံတော် Duma ဒုဥက္ကဋ္ဌ Davankov က Durov ကို လွှတ်ပေးရန် ပြင်သစ်ကို တိုက်တွန်းခဲ့သည်။ Durov ဖမ်းဆီးခံရခြင်းသည် နိုင်ငံရေး ရည်ရွယ်ချက် ဖြစ်နိုင် သည်ဟုလည်း ၎င်းက ပြောကြားခဲ့ သည်။