တရုတ်ကမ်းခြေစောင့်တပ်သည် တရုတ်တောင်ပင်လယ်ကျူးကျော်ဝင်ရောက်သည့် ဖိလစ်ပိုင် သင်္ဘော အား ဥပဒေနှင့်အညီ ထိန်းချုပ်ဆောင်ရွက်

(GMT+08:00)2024-08-27 11:32:10  

ဩဂုတ်လ ၂၆ ရက်နေ့က တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ ဖိလစ်ပိုင်သည် သင်္ဘောအမှတ် ၄၄၀၉ နှင့် ၄၄၁၁ တို့ကို စေလွှတ်ပြီး တရုတ်နိုင်ငံ နန်ရှားကျွန်းစုရှိ ရှန်ပင် သန္တာကျောက်တန်းနှင့် ကပ်လျက် ပင်လယ် ရပ်ဝန်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့ပြီး ပုံမှန် ခုတ်မောင်းနေသော တရုတ်ပင်လယ်စောင့် သင်္ဘောများကို အန္တရာယ်ရှိသည့်ပုံစံဖြင့် တမင်သက်သက် ချဉ်းကပ်ကာ မဟုတ်မမှန် သတင်းကိုလည်း ဖြန့်ခဲ့ကြောင်း၊ တရုတ်ကမ်းခြေစောင့်တပ်သည် ဖိလစ်ပိုင်၏ ယင်းသင်္ဘောများအား ဥပဒေနှင့်အညီ ထိန်းချုပ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။