မလေးရှား တော်ဝင် ရေတပ်က ယခုလ ၂၅ရက်နေ့က ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြီး ဒုံးကျည် အမြန်ရေယာဉ် တစ်စင်းသည် ထိုနေ့က Johor အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် ရေယာဉ်ကိုယ်ထည်အတွင်းသို့ ဆိုးရွားစွာ ရေယိုစိမ့်မှုကြောင့် နစ် မြုပ်ခဲ့ကြောင်း၊ ရေယာဉ်ပေါ် ဝန်ထမ်း အားလုံးသည် ဘေးကင်းရာ နေရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဖော်ပြထားသည်။
၄င်းထုတ်ပြန်ကြေညာချက်တွင် ယင်းရေယာဉ်သည် ပင်လယ်ရေအောက်ရှိ ရုပ်ဝတ္ထုတစ်ခု ကို တိုက်မိခဲ့သောကြောင့် ရေယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ မလေးရှား တော်ဝင် ရေတပ်သည် ၄င်းမတော်တဆမှု၏ အကြောင်းရင်းကို တစ်ဆင့်တိုး စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း သတင်းအရ သိရသည်။