ကန်သည် တရုတ်လုပ်ငန်းအချို့ကို တင်ပို့ရောင်းချမှု ထိန်းချုပ်ရေး Entity List ထဲတွင် ထည့်သွင်း၊ လိုအပ်သောနည်းလမ်းများကို ဆောင်ရွက်မည် ဖြစ်သည်ဟု တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-08-26 12:56:46  

အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံနှင့်ပတ်သက်၍ အကြောင်းပြကာ တရုတ်လုပ်ငန်း အချို့ကို တင်ပို့ရောင်းချမှု ထိန်းချုပ်ရေး Entity List ထဲတွင် ထည့်သွင်းခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာအခြေအနေကို သတိပြုမိကြောင်း၊ အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံနှင့်ပတ်သက်၍ အကြောင်းပြကာ တရုတ်လုပ်ငန်း အချို့ကို တင်ပို့ရောင်းချမှု ထိန်းချုပ်ရေး Entity List ထဲတွင် ထည့်သွင်းခြင်းကို တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံ၏လုပ်ရပ်မှာ တစ်ဖက်သတ်အရေးယူမှုနှင့် လက်တံရှည်စီမံအုပ်ချုပ်မှုပင် ဖြစ်ကြောင်း၊ နိုင်ငံတကာကုန်သွယ်ရေးစည်းစနစ်နှင့် စည်းကမ်းများကို ချိုးဖောက်ခြင်း ဖြစ်ပြီး ပုံမှန်နိုင်ငံတကာ စီးပွားကုန်သွယ်ရေးကို အနှောင့်အယှက်ပေးခြင်း ဖြစ်ကာ တစ်ကမ္ဘာလုံးကုန်ထုတ်လုပ်မှုကွင်းဆက်နှင့်ထောက်ပံ့ ရေးကွင်းဆက်၏ လုံခြုံတည်ငြိမ်ရေးကို ထိခိုက်သဖြင့် တရုတ်နိုင်ငံအနေဖြင့် ယင်းကို များစွာ မကျေမနပ်ဖြစ်မိပြီး ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား မှားယွင်းသော လုပ်ရပ်များကို ချက်ချင်းရပ်စဲရန် တိုက်တွန်းပြီး လိုအပ်သောနည်းလမ်းများကို ဆောင်ရွက်ကာ တရုတ်လုပ်ငန်းများ၏ တရားဝင် အခွင့်အရေးများကို ပြတ်ပြတ်သားသားကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။