ဩဂုတ်လ ၂၄ ရက်နေ့က မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းက မြောက်ကိုရီးယား နိုင်ငံတော်ကာကွယ်ရေး သိပ္ပံပညာ တံခွန်အသင်း ဒရုန်း သုတေသနဌာနမှ ကျင်းပသော ဒရုန်း စွမ်းဆောင်ရည် စမ်းသပ် မှုကို ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှဩဂုတ်လ ၂၆ ရက်နေ့ ထုတ် သတင်း အရ သိရပါသည်။
ကင်ဂျုံအန်းက ဒရုန်း မျိုးစုံကို သုတေသနပြုပြီး တီထွင်ဖန်တီးကာ တိုက်ခိုက်မှု စွမ်းရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်းသည် စစ်ပွဲ ပြင်ဆင်မှု၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ် ကြောင်း ပြောကြားပြီး ဒရုန်း ၏ သုတေသနပြုမှု၊ ထုတ်လုပ်မှုနှင့် တိုက်ခိုက်မှု အသုံးချခြင်း စမ်းသပ် ရေးများကို ပိုမို ဆောင်ရွက်ရန်နှင့် ၎င်းတို့အား ပြည်သူ့တပ်မတော် တပ်ဖွဲ့များတွင် အမြန်ဆုံး တပ်ဆင် ပေးရန်လည်း တောင်းဆိုခဲ့သည်ဟု သတင်းအရ သိရပါသည်။