ဆိုရှယ်မီဒီယာ Telegram တည်ထောင်သူ ပြင်သစ်တွင် ဖမ်းဆီးခံရ

(GMT+08:00)2024-08-26 13:12:06  

ဆိုရှယ်မီဒီယာ Telegram တည်ထောင်သူ Pavel Durov သည် ဩဂုတ်လ ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံတွင် ဖမ်းဆီးခံခဲ့ရကြောင်း CMGသတင်းဌာနမှ သတင်းအရ သိရပါသည်။ Pavel Durov သည် အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ဖြင့် စွဲချက်တင် ခံရနိုင် သည်ဟု ပြင်သစ် TF1 ရုပ်မြင်သံကြားဌာနက ဖော်ပြခဲ့ပါသည်။

ဩဂုတ်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် ရုရှားနိုင်ငံ အောက်လွှတ်တော် ဒုဥက္ကဋ္ဌ Davankov က Durov ကို ကယ်တင်ရန် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနအား တိုက်တွန်းပြီး ၎င်းသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ထံသို့ သက်ဆိုင်ရာ တောင်းဆိုချက်ကို ပေးပို့ခဲ့သည်ဟု ဖော်ပြခဲ့ပါသည်။ Pavel Durov ၏ အခြေအနေကို လေ့လာရန် ပြင်သစ်နိုင်ငံ ဆိုင်ရာ ရုရှားသံရုံးသည် လိုအပ်သော ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ ပါသည်။

Pavel Durovသည် ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ သူက ရုရှား၊ ပြင်သစ်၊ အာရပ်စော်ဘွားစသည့် နိုင်ငံများ၏ နိုင်ငံသားဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါသည်။