တရုတ်နိုင်ငံမှ ကိုယ်ပိုင်တီထွင်ထားသည့် လူလိုက်ပါသော airship "Xiangyun" သည် စမ်းသပ်လည်ပတ်မှု စတင်

(GMT+08:00)2024-08-25 12:07:57  

မကြာသေးမီက တရုတ်နိုင်ငံမှ ကိုယ်ပိုင်တီထွင်ဖန်တီးထားသော "Xiangyun" AS700 လူလိုက်ပါသော airshipသည် ကီလိုမီတာ ၁၀၀၀ နီးပါး ပျံသန်းခဲ့ပြီး ၎င်း၏ ပထမဆုံး ပြည်နယ်ဖြတ်ကျော် ခရီးဝေး ပျံသန်းမှုကို အောင်မြင်ခဲ့ကာ  ကွမ်ရှီး ယမ်စော့မြို့ ရှိ ဆင်းသက်သည့်နေရာ၌ ဆင်းသက်  ခဲ့ပါသည်။

AS700 လူလိုက်ပါသော airshipသည်  တရုတ်နိုင်ငံမှ ကိုယ်ပိုင်ထုတ်လုပ်ထားသော အရပ်ဘက်သုံး လူလိုက်ပါသော airshipဖြစ်ပြီး အစိမ်းရောင်၊ ကာဗွန်နည်းခြင်း၊ လုံခြုံခြင်းနှင့်ဈေးသက်သာခြင်းစသည့် ဝိသေသ လက္ခဏာများရှိပြီး တာတိုပျံသန်းမှုနှင့် ဒေါင်လိုက် အတက်အဆင်း ပြုလုပ်  နိုင်သည်။