ယခုနှစ်အတွင်း နိုင်ငံတကာ စျေးကွက်များ ဝယ်လိုအား ပြန်လည်ကောင်းမွန်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှုမှာ တည်ငြိမ်စွာ တိုးတက်လာခဲ့ကြောင်း ကျက်ကျန်းပြည်နယ်မှာ ကျင်းပသည့် ၂၀၂၄ ခုနှစ် အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းများ အရည်အသွေးမြင့်မားစွာ တင်ပို့ရောင်းချရေး လုပ်ငန်း အစည်းအဝေးမှ သတင်းသိရှိရပါသည်။
တရုတ်စက်ယန္တရားနှင့် အီလက်ထရွန်နစ်ပစ္စည်းများ သွင်းကုန်ပို့ကုန်အသင်းမှ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၆၄.၈၁ ဘီလီယံ သို့ရောက်ရှိခဲ့ပြီး အရင်နှစ် အလားတူအချိန်ပိုင်းကထက် ၁၃.၄ ရာခိုင်နှုန်းတိုးလာပါသည်။
၎င်းတို့အနက် လက်တင်အမေရိက ဈေးကွက်သို့ အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှု တိုးတက်မှုနှုန်း ၃၇.၇ ရာခိုင်နှုန်းရှိပြီး တိုးတက်မှုနှုန်း အလွန်ထင်ရှားပါသည်။ မြောက်အမေရိက၊ ဥရောပ (အီးယူအပါအဝင်) နှင့် အိုရှင်နီယာ စသည့် ဖွံ့ဖြိုးပြီးဒေသများသို့ တရုတ်နိုင်ငံ၏ အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှုလည်း မြင့် တက်လာ ပါသည်။