တရုတ်-ဟွန်ဒူးရပ်စ် ကုန်သွယ်မှု ဆွေးနွေးပွဲကို ဟွန်ဒူးရပ်စ်၌ ကျင်းပ

(GMT+08:00)2024-08-25 12:04:48  

"တရုတ်-ဟွန်ဒူးရပ်စ် ကုန်သွယ်မှု ဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲ" ကို ဒေသစံတော်ချိန် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဟွန်ဒူးရပ်စ်မြို့တော် Tegucigalpa ၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံနှင့် ဟွန်ဒူးရပ်စ်နိုင်ငံမှ လုပ်ငန်းရှင်နှင့် ကိုယ်စားလှယ်ပေါင်း ၁၀၀ ခန့်တို့ တက်ရောက်ခဲ့သည်။ နှစ်နိုင်ငံလုပ်ငန်းဌာနများသည် ကုန်သွယ်မှု သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်း ကန်ထရိုက်စာချုပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းဖြစ်ကြောင်း သတင်းအရ သိရှိရသည်။