ယခုလ ၂၃ ရက်နေ့တွင် တောင်အာဖရိကရှိ "Harmony Mission-2024" တာဝန်ကို ထမ်းဆောင်နေသော တရုတ်ရေတပ်၏ ဆေးရုံသင်္ဘော "Peace Ark" မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် Cape Town ရှိ Second Military Hospital သို့ လာရောက်၍ အရေးတကြီးခွဲစိတ်ကုသလိုသောလူနာများစွာအတွက် ပူးတွဲခွဲစိတ်ကုသရန် ဒေသခံ ဆရာဝန်များနှင့် လက်တွဲဆောင်ရွက်ခဲ့ပါသည်။
"Harmony Mission-2024" တာဝန်ထမ်းဆောင်သောဆရာဝန် Gao Yu က ဤပူးတွဲရောဂါ ကုသခြင်းလှုပ်ရှားမှုတွင် နှစ်ဖက်စလုံး၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်အဖွဲ့များသည် ခွဲစိတ်မှု အတွေ့ အကြုံ မျှဝေခြင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရောဂါကုသခြင်း၏ ထိရောက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း၊ သက်ဆိုင်ရာ ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ထားပြီး ၎င်းတို့၏ သက်ဆိုင်ရာကျွမ်းကျင်မှုများကို အသုံးချကာ လူနာများကို ပူးပေါင်းကုသခြင်း၏ နောက်တစ်ဆင့်အတွက် ကောင်းသောအခြေခံအုတ်မြစ်ကို ချခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။