အမေရိကန်၏ ကြားဝင်စွက်ဖက်ရေး မူဝါဒများကို ကန့်ကွက်သည့်အနေနှင့် အမေရိကန်ထံသို့ သံတမန်ရေး အမှာစာ ပေးပို့မည်ဟု မက္ကဆီကိုသမ္မတဆို

(GMT+08:00)2024-08-24 11:34:37  

မက္ကဆီကိုသမ္မတ López က လွန်ခဲ့သည် နှစ်ပေါင်းများစွာ အတွင်း အမေရိကန်သည် အမေရိကတိုက်တွင် ကြားဝင်စွက်ဖက်ရေး မူဝါဒများကို ကျင့်သုံးခဲ့ကြောင်း  ဩဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်သည့်  နေ့စဉ် နံနက်ခင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Ken Salazar က မက္ကဆီကို၏ တရားဥပဒေ  ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အဆိုပြုချက်များကို ပြစ်တင်ဝေဖန်ခဲ့ပြီး မက္ကဆီကို ၏ တရားဥပဒေ  ပြုပြင်ပြောင်းလဲမှုသည် အမေရိကန်နှင့် ကုန်သွယ်မှု ဆက်ဆံရေးကို ခြိမ်းခြောက် နိုင်ဖွယ် ရာ ရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန် သံအမတ်ကြီး၏ အဆိုပါ ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် López က မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ် ဆင့် အမေရိကန် အစိုးရထံသို့ သံတမန်ရေး အမှာစာ ပေးပို့မည်ဖြစ် ကြောင်း သတင်းအရ သိရှိရ သည်။