ပီကင်းစံတော်ချိန် ဩဂုတ်လ ၂၃ ရက်နေ့က ပါရီ အိုလံပစ် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ Tony Estanguet က China Media Group(CMG) ဥက္ကဋ္ဌ Shen Haixiong ထံသို့ စာတစ်စောင်ပေးပို့ပြီး ပါရီ အိုလံပစ် အားကစားပြိုင်ပွဲကို အောင်မြင်စွာ ထုတ်လွှင့်မှုကို ဂုဏ်ပြုသည့်အပြင် ပါရီ အိုလံပစ် ကျင်းပရေး ကော်မတီအား အားကောင်းစွာ ထောက်ခံမှုအတွက် ကျေးဇူး တင်ကြောင်း လည်း ဖော်ပြထားသည်။
ဥက္ကဋ္ဌ Shen Haixiong ထံသို့ ပေးပို့သော စာတစ်စောင်၌ Tony Estanguet က ပါရီ အိုလံပစ် ကျင်း ပရေး ကော်မတီနှင့် CMG တို့သည် လက်တွဲ ဆောင်ရွက်ခဲ့ပြီး CMG မှ အောင်မြင်စွာ သတင်းထုတ်လွှင့်မှုကြောင့် ပါရီအိုလံပစ်အားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း ဖြစ် ကြောင်း၊ ယင်း သည် တရုတ်ပရိသတ်များကို ပါရီ အိုလံပစ် ပြိုင်ပွဲတွင် ပါဝင်စေ ခဲ့သည့်အပြင် ကမ္ဘာတစ်ဝှမ်းမှ လူများလည်း ၎င်းအခမ်းအနားကြီးကို အာရုံစိုက်ရန် ဆွဲဆောင်နိုင်ခဲ့ ကြောင်း ရေးသားဖော်ပြထား သည်။