ယခုလ ၂၃ ရက်နေ့ညက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဘီလာရုစ်နိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ် ပြီးဆုံးပြီးနောက် စင်းလုံးငှားလေယာဉ်ဖြင့် ဘေကျင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် Wu Zhenglong နှင့် အခြားလိုက်ပါသွားသည့် အမှုထမ်းများလည်း အတူတူ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရ သည်။
Minskမြို့ မှ မထွက်ခွာမီ လီချန်သည် ဘီလာရုစ်ဝန်ကြီးချုပ် Golovchenko နှင့်အတူ တရုတ်-ဘီလာရုစ် စက်မှုဇုန်ကို ကြည့်ရှုခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ပြန်လာချိန်တွင် ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ် Golovchenko နှင့် ဘီလာရုစ် နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Xie Xiaoyong တို့သည် လေဆိပ်သို့ ပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။