လိုက်ချင်းတေ အာဏာပိုင်အဖွဲ့သည် "တရုတ်ခြိမ်းခြောက်မှု" ဟူခြင်းကို အစွမ်းကုန် ဝါဒဖြန့်ခြင်းသည် ၎င်း၏ ကောက်ကျစ်သော မူရင်းသဘောထားကို နောက်ထပ်တစ်ကြိမ် ပေါ်လွင်လာသည်ဟု တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

(GMT+08:00)2024-08-24 10:37:48  

   ယခုလ ၂၃ ရက်နေ့က လိုက်ချင်းတေသည် ကျင်းမင်၌ ပြုလုပ်သော လှုပ်ရှားမှုတစ်ခုသို့ တက်ရောက်စဉ် "တရုတ်ခြိမ်းခြောက်မှု" ဟူခြင်းကို အစွမ်းကုန် ဝါဒဖြန့်ပြီး ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ထိပ်တိုက်ရင်ဆိုင်မှုကို သွေးထိုးလှုံ့ဆော်ကာ "ထိုင်ဝမ်အား ကာကွယ်ရန် သန္နိဋ္ဌာန်" ဟူခြင်းကို ပြသခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူဖင့်လျန်က လိုက်ချင်းတေ အာဏာပိုင်အဖွဲ့သည် "တရုတ်ခြိမ်းခြောက်မှု" ဟူခြင်းကို အစွမ်းကုန် ဝါဒဖြန့်ခြင်းသည် ငြိမ်းချမ်းရေး အလံဖြင့် "လက်နက်အင်အားဖြင့် ထိုင်ဝမ် သီးခြားတည်ရှိရေးကို ရှာကြံရန်" နှင့် "နိုင်ငံခြားအင်အားများကို အားကိုးပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို ရှာကြံရန်" ကောက်ကျစ်သော မူရင်းသဘောထားကို နောက်ထပ် တစ်ကြိမ် ပေါ်လွင်လာခဲ့ကြောင်း၊ လိုက်ချင်းတေ အာဏာပိုင်အဖွဲ့က "ထိုင်ဝမ် သီးခြား တည်ရှိမှု" သွေးခွဲရေး ရပ်တည်ချက်ကို စွဲကိုင်ခြင်းသည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ငြိမ်းချမ်းတည်ငြိမ်ရေး၏ အကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်ပြီး ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း အကြား စစ်အန္တရာယ်များ၊ ထိုင်ဝမ် လူမှုရေး ကွဲပြား ထိပ်တိုက်မှုများနှင့် ပြည်သူလူထုများ၏ အကျိုးစီးပွား နစ်နာဆုံးရှုံးမှုများ ဖြစ်စေသည့် အရင်းအမြစ်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။