ယူကရိန်းသမ္မတ Zelenskyသည် သြဂုတ်လ ၂၃ ရက်နေ့က ယူကရိန်းနိုင်ငံ မြို့တော် Kiev ၌ အလည်အပတ်ရောက်ရှိနေသော အိန္ဒိယဝန်ကြီးချုပ် မိုဒီ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယူကရိန်း အကျပ်အတည်းနှင့် အခြားကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ယခုအကြိမ် မိုဒီ၏ခရီးစဉ်အတွင်း ယူကရိန်းနှင့် အိန္ဒိယတို့သည် ဆေးဝါးကုသရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့ကြသည့်အပြင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု၊ ကုန်သွယ်မှု၊ စစ်ရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။