သြဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ်းလှမ်းချက်အရ ဗြိတိန် ဝန်ကြီးချုပ် Starmer နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။
ရှီကျင့်ဖိန်သည် Starmer အား ဗြိတိန် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခြင်းကို ထောမနာ ပြုခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ထိတွေ့ဆက်ဆံမှုနှင့် ဆွေးနွေးမှုများကို အားဖြည့်ဆောင်ရွက်ရန် ဗြိတိန်၏ ဆန္ဒကို လွန်စွာ အလေးထားကြောင်း၊ ဗြိတိန်နှင့် ဌာနအဆင့်ဆင့်သော ကူးလူးဆက်ဆံမှုများကို ထိန်းသိမ်းထားပြီး နှစ်ဖက် ဆက်ဆံမှု ရေရှည် တိုးတက်ရန် တွန်းအားပေး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားသစ်လောင်းပေးဖို့ လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။
Starmer က ပိုမို ရင်းနှီးသော ဗြိတိန်-တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးသည် နှစ်ဖက်တို့၏ ရေရှည် အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ဗြိတိန် အနေနှင့် အရေးကြီး နိုင်ငံတကာနှင့် ဒေသရေးရာများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းထားကာ ကမ္ဘာ့ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် အကျိုးပြုသွားလိုကြောင်း၊ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာ ရှိရေးကို ရေရှည် စွဲကိုင်ရန် ဗြိတိန်၏ ရပ်တည်ချက်သဘောထား ပြောင်းလဲခြင်း မရှိဟု မိမိ ထပ်လောင်း အတည်ပြု ပြောကြားလိုကြောင်း ပြောကြားခဲ့ပါသည်။