ဒေသစံတော်ချိန် သြဂုတ်လ ၂၂ရက်နေ့က အသေးစားလေယာဉ်တစ်စင်းသည် ထိုင်းနိုင်ငံ Suvarnabhumi အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တောင်ပိုင်း Tratပြည်နယ်သို့ ပျံသန်းရာတွင် ထိုင်းနိုင်ငံ Chachoengsaoပြည်နယ် Pakong ခရိုင်၌ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လူ ၉ဦးစလုံး သေဆုံးခဲ့ရပါသည်။ Chachoengsaoပြည်နယ် အစိုးရမှ ထုတ်ပြန်သောသတင်းအရ ပျက်ကျခဲ့သည့် လေယာဉ်ပေါ်တွင် တရုတ်ခရီးသည် ၅ဦး ပါဝင်ကြောင်း၊ လေယာဉ် ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ထိုင်းနိုင်ငံ Chachoengsaoပြည်နယ်၌ ပျက်ကျခဲ့သောအသေးစားလေယာဉ်ပေါ်တွင် တရုတ်နိုင်ငံသားခရီးသည် ၅ဦးပါဝင်
(GMT+08:00)2024-08-23 15:53:02