ဒေသစံတော်ချိန် သြဂုတ်လ ၂၂ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်လီချန်သည် မင်စ်ခယ်မြို့တွင် ဘီလာရုစ်ဝန်ကြီးချုပ် ကိုလိုဗ်ချင်ကို နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းအရ သိရပါသည်။
လီချန်က သမ္မတရှီကျင့်ဖိန်နှင့် သမ္မတလိုခါရှင်ခို၏ မဟာဗျူဟာမြောက်လမ်းညွှန်ချက်အရ တရုတ်-ဘီလာရုစ် စဉ်ဆက်မပြတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်နိုင်ငံနိုင်ငံရေး အပြန်အလှန် ယုံကြည်မှုဆက်လက်ခိုင်မာလာကာ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှု တစ်နေ့တခြားနက်ရှိုင်းလာကြောင်း ပြောကြားခဲ့သည်။
ကိုလိုဗ်ချင်ကိုက ဘီလာရုစ်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းဖြစ်လိုပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို အခိုင်အမာ စွဲကိုင်ကာ ဟောင်ကောင်၊ ရှင်းကျန်းနှင့် ရှီဇန့်(တိဘက်)ဆိုင်ရာကိစ္စရပ်များအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့သည်။