အနောက်တိုင်းလက်နက်ထောက်ပံ့မှုဖြင့် ယူကရိန်းက ရုရှားပြည်တွင်း ပစ်မှတ်များကို တိုက်ခိုက်နိုင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကို ဖြစ်စေနိုင်သည်ဟု အီတလီဒုတိယဝန်ကြီးချုပ်ဆို

(GMT+08:00)2024-08-23 13:47:53  

အီတလီဒုတိယဝန်ကြီးချုပ် Salvini က ၂၁ ရက်နေ့တွင် ယူကရိန်းနိုင်ငံမှ ရုရှားပိုင်နက်ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ရန် အနောက်နိုင်ငံများက လက်နက်များ ထောက်ပံ့ပေးနေသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကို ဖြစ်ပေါ်စေနိုင်ပြီး ဘေးဥပဒ်ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရုရှားမီဒီယာက ဖော်ပြပါသည်။

Kursk ဒေသရှိ ယူကရိန်း၏ စစ်ဆင်ရေးများသည် အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှု အပြည့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ရုရှားနယ်မြေရှိ နိုင်ငံခြား ကြေးစားသမားများ၏ လှုပ်ရှားမှုများနှင့် နိုင်ငံခြားလက်နက်များ အသုံးပြုခြင်းသည် ယူကရိန်း၏ စစ်ဆင်ရေးများတွင် ၎င်း၏ အနောက် မဟာမိတ်များ တိုက်ရိုက်ပါဝင်ပတ်သက်မှု၏ ထင်ရှားသော အထောက်အထား ဖြစ်ကြောင်း ရုရှားက ဖော်ပြပါသည်။