တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် ရဲဘော် တိန့်ရှောင်ဖိန်၏ နှစ်၁၂၀ပြည့်မွေးနေ့ အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲကို ကျင်းပ

(GMT+08:00)2024-08-23 13:48:40  

    

 တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် ယခုလ ၂၂ရက်နေ့ နံနက်ပိုင်းက ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ရဲဘော် တိန့်ရှောင်ဖိန်၏ နှစ်၁၂၀ပြည့်မွေးနေ့ အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားရာတွင် ရဲဘော် တိန့်ရှောင်ဖိန်သည် မွန်မြတ်သော မာ့က်စ်ဝါဒီ ဖြစ်ပြီး မြင့်မြတ်သော ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေး သမားကြီး၊ နိုင်ငံရေး သမားကြီး၊ စစ်ရေး ဆိုင်ရာ ဗျူဟာကျကျ တွေးခေါ်မြော်မြင်တတ်သူနှင့် သံတမန်ရေးရာ ကျွမ်းကျင်သူ ဖြစ်ကာ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ဦးဆောင်ရေး အဖွဲ့၏ အမြုတေ ဖြစ်ကြောင်း၊ ရဲဘော် တိန့်ရှောင်ဖိန်သည် တရုတ် ဆိုရှယ်လစ် ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်မှုနှင့် ခေတ်မီရေး တည်ဆောက်မှု၏ ဗိသုကာ ဖြစ်ပြီး တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် လမ်းကြောင်းကို ဖွင့်လှစ်သူ ဖြစ်ကာ တိန့်ရှောင်ဖိန် သီအိုရီကို အဓိက တည်ထောင်သူ ဖြစ်၍ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားသည့် အကျိုးပြုမှုကို စွမ်းဆောင်ခဲ့သည့် မွန်မြတ်သော လူမျိုးစုံ သွေးစည်းရေး ဝါဒီ (Internationalist) ဖြစ်ကြောင်း၊ ၄င်းသည် တရုတ် ကွန်မြူနစ် ပါတီ အတွက် ဖြစ်ဖြစ်၊ ပြည်သူများ အတွက် ဖြစ်ဖြစ်၊ နိုင်ငံတော် အတွက် ဖြစ်ဖြစ်၊ အမျိုးသား အတွက် ဖြစ်ဖြစ်၊ ကမ္ဘာ အတွက် ဖြစ်ဖြစ် ထူးချွန်သော အကျိုးပြုမှုကို စွမ်းဆောင်ခဲ့ကြောင်း၊ တိန့်ရှောင်ဖိန် သီအိုရီကို ဆက်လက် လေးနက်စွာ လေ့လာ အသုံးပြုပြီး ၄င်း ဖွင့်လှစ်ခဲ့သည့် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အရေးတော်ပုံကို ရှေ့သို့ ချီတက်စေရန် ဆက်လက် တွန်းအားပေးရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။