မြန်မာအရေးကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကုလသမဂ္ဂမှ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းကို တရုတ် ထောက်ခံသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-08-23 13:49:26  

    သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံ၏ ဖိတ်ကြားချက် အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop သည် သြဂုတ်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Deng Xijun တို့သည် Julie Bishop နှင့် အသီးသီးတွေ့ဆုံခဲ့ရာ မြန်မာအရေးကိစ္စနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံရေးကို လေးစားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုခြင်းနှင့် မြန်မာနိုင်ငံသား ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံသား ဦးဆောင်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို စွဲကိုင်ထားလျက်ရှိကြောင်း၊ အာဆီယံအဖွဲ့မှ အဓိကလမ်းကြောင်း အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ထောက်ခံပြီး မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ချက်နှင့် မြန်မာနိုင်ငံမှ တင်ပြထားသော လမ်းကြောင်းပြမြေပုံသစ် ၅ရပ်တို့သည် အပြန်အလှန်တွန်းအားပေးပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် မြန်မာအရေးကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကုလသမဂ္ဂမှ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။