သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်-အင်ဒိုနီးရှားဆက်ဆံရေးနှင့် ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်-အင်ဒိုနီးရှား ထိပ်သီးခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-အင်ဒိုနီးရှားဆက်ဆံရေးမှာ အင်အားတောင့်တင်းစွာ ဖွံ့ဖြိုးတိုးတက်နေသည့် အရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဖက်တို့အကြား ရင်းနှီးသော အဆင့်မြင့် ကူးလူးဖလှယ်မှုများ ထိန်းသိမ်းထား လျက်ရှိကြောင်း၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို ဆက်တိုက်နက်ရှိုင်းစွာ လုပ်ဆောင်နေပြီး ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှု အဆက်မပြတ်မြှင့်တင်နေ လျက်ရှိကြောင်း၊ တရုတ်-အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများ “၂+၂”ဆွေးနွေးရေးစနစ်ကို လွန်ခဲ့သည့်သီတင်းပတ်က တရားဝင်စတင်ခဲ့ကြောင်း၊ ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ရတ်နို မာဆူဒီ နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မတီ စနစ် ပဉ္စမအကြိမ်အစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပကြမည် ဖြစ်ပြီး တရုတ်-အင်ဒိုနီးရှား ဆက်ဆံမှု အဆင့်မြင့်မဟာဗျူဟာ အဆက်မပြတ် ပေါ်လွင်လာကြောင်း ပြောကြားခဲ့ ပါသည်။
တရုတ်သည် အင်ဒိုနီးရှားနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက်နက်ရှိုင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
(GMT+08:00)2024-08-23 13:50:07