တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အစည်းအဝေး ကျင်းပပြီး “အနောက်ပိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး အနေအထားသစ် ဖြစ်တည်စေရန် တစ်ဆင့်တိုး တွန်းအားပေးရေး ဆိုင်ရာ မူဝါဒနှင့် ဆောင်ရွက်ချက်များ”ကို စိစစ်

(GMT+08:00)2024-08-23 15:53:55  

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ယခုလ ၂၃ရက်နေ့က အစည်းအဝေး ကျင်းပပြီး “အနောက်ပိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး အနေအထားသစ် ဖြစ်တည်စေရန် တစ်ဆင့်တိုး တွန်းအားပေးပေးရေး ဆိုင်ရာ မူဝါဒနှင့် ဆောင်ရွက်ချက်များ”ကို စိစစ်ခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။

အစည်းအဝေးတွင် အနောက်ပိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးသည် ပါတီ ဗဟို ကော်မတီမှ ချမှတ်သော အရေးကြီး မဟာဗျူဟာမြောက် စီမံကိန်း ဖြစ်ကြောင်း၊ ၄င်းစီမံကိန်းကို အမြဲတစေ ကောင်းမွန်စွာ လက်တွေ့ အကောင်အထည် ဖော်ဆောင်ပြီး ထိန်းသိမ်းကာကွယ်ရေး၊ တံခါးဖွင့်ရေးနှင့် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်မှု အနေအထားသစ် ဖြစ်တည်နိုင်အောင် အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်၍ အနောက်ပိုင်း ဒေသ တစ်ခုလုံး၏ အင်အားနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။