ပဋိပက မဖြစ်စေရန် အတွက် အပေါ်ယံ အခြင်းအရာနှင့် အရင်းအမြစ် နှစ်ခုစလုံးကနေ ဖြေရှင်းရပြီး ထာဝရငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရန် တွန်းအားပေးသင့်သည်ဟု တရုတ်ဆို

(GMT+08:00)2024-08-23 13:47:10  

ဒေသစံတော်ချိန် သြဂုတ်လ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် "ပဋိပက္ခများကို မဖြစ်ပွားစေရန်၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရန်နှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်" ဟူသော တံခါးဖွင့် အချေအတင် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ဖုစုန်း က လက်ရှိတွင် နိုင်ငံတကာ အခြေအနေသည် လေးနက်ရှုပ်ထွေးစွာ ပြောင်းလဲတိုးတက်နေကြောင်း၊ အချို့ဒေသတွင် မငြိမ်မသက်မှုတွေ ပြင်းထန်လာပြီး   ပဋိပက္ခ၏ သက်ရောက်မှု  ပြင်းထန်စွာ ကျယ်ပြန့်လာသောကြောင့် ပဋိပက္ခကြိုတင်ကာကွယ်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားလာစေကြောင်း၊ ပဋိပက္ခများ ကြိုတင်ကာကွယ်ရေး၏ ထိရောက်မှုနှင့်ပစ်မှတ်ထားမှုကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံမျှော်မှန်းချက်ကို ထာဝရငြိမ်းချမ်းရေးရရှိရန် ထိရောက်သော လုပ်ဆောင်မှုများအဖြစ် ပြောင်းလဲစေရန် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့ပါသည်။