တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၅ရက်နေ့တွင် ၂၀၂၄ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ထိပ်သီး အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ယင်းထိပ်သီးအစည်းအဝေးကျင်းပစဉ် အတွင်း သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်လာကြသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ အာဖရိက အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၊ သက်ဆိုင်ရာ အာဖရိကဒေသအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအတွက် ကြိုဆိုဧည့်ခံပွဲနှင့် သက်ဆိုင်ရာလှုပ်ရှားမှုများ ကို ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။