ဖူကူရှီးမား အမှတ်၁- နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နျူကလီးယားလောင်စာ အကြွင်းအကျန်များစမ်းသပ်ဖယ်ရှားရန်အတွက် စက်ကိရိယာများတပ်ဆင်မှု အမှားအယွင်း ကြောင့် ပြင်ဆင်မှုလုပ်ငန်း ပြတ်တောက်

(GMT+08:00)2024-08-22 14:51:25  

သြဂုတ်လ ၂၂ ရက်နေ့တွင် ဂျပန်တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီသည် ဖူကူ ရှီးမား အမှတ်၁- နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ အမှတ်၂-စက်ကိရိယာ ဓာတ်ပေါင်းဖိုအတွင်း နျူကလီးယားလောင်စာ အကြွင်းအကျန်များ ပထမဆုံးအကြိမ် စမ်းသပ်ဖယ်ရှားရန် မူလက စီစဉ်ခဲ့သော်လည်း စက်ကိရိယာများ တပ်ဆင်မှု အမှားအယွင်း ကြောင့် နံနက်ပိုင်းတွင် စတင်ခဲ့သည့် ပြင်ဆင်မှုလုပ်ငန်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီ ဖြစ်ကြောင်း၊ သြဂုတ်လ ၂၂ ရက်နေ့တွင် လုပ်ငန်းပြန်လည်စတင်၍ မရဘဲ မည်သည့်အချိန်တွင် ပြန်လည်စတင်ရန် မရေရာသေးကြောင်း သတင်းအရ သိရှိရပါသည်။


    ဂျပန်တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက အသေးစိတ်အခြေအနေကို စုံစမ်း စစ်ဆေးနေကြောင်း သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
    ဖူကူရှီးမား အမှတ်၁- နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တွင် အမှတ်၁-စက်ကိရိယာ ဓာတ်ပေါင်းဖိုမှ အမှတ်၃-စက်ကိရိယာဓာတ်ပေါင်းဖိုအထိ တန်ချိန် ရာနှင့်ချီသော နျူကလီးယား လောင်စာ အကြွင်းအကျန်များ ရှိပြီး လက်ရှိအချိန်အထိ ပြင်းထန်သော ရေဒီယို သတ္တိကြွမှု ရှိနေသေးကြောင်း၊ နျူကလီးယားလောင်စာ အကြွင်းအကျန်များ ဖယ်ရှားရန်အတွက် မူလက ၂၀၂၁ ခုနှစ်တွင် စီစဉ်ထားသော်လည်း နည်းပညာပြဿနာကြောင့် ကြိမ်ဖန် များစွာရွှေ့ဆိုင်းခဲ့ကြောင်း သတင်းအရ သိရှိရပါသည်။