ဆဋ္ဌမ အကြိမ်မြောက် တရုတ်-အာဖရိက မီဒီယာများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်နှင့် တရုတ်-အာဖရိက တတ်သိပညာရှင်များအဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲကို ပေကျင်း၌ ကျင်းပပြီး Li Shulei တက်ရောက်၍ အမှာစကား ပြောကြား

(GMT+08:00)2024-08-22 11:54:05  

ဆဋ္ဌမ အကြိမ်မြောက် တရုတ်-အာဖရိက မီဒီယာများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်နှင့် တရုတ်-အာဖရိက တတ်သိပညာရှင်များအဖွဲ့ အဆင့်မြင့် ဆွေးနွေးပွဲကို ပေကျင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး Li Shulei သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသော ဧည့်သည်တော်များက သမ္မတ ရှီကျင့်ဖိန် နှင့် အာဖရိက ခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် တရုတ်-အာဖရိက ဆက်ဆံရေးသည် အဆင့်မြင့် တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်း ပူးတွဲတည်ဆောက်ရေး အဆင့်သစ်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို မကြာမီတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပတော့မည်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်-အာဖရိက ချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်ရေးကို အားကောင်းစေမည့် အခမ်းအနားကြီးလည်း ဖြစ်ကြောင်း၊ မီဒီယာသမားများနှင့် တတ်သိပညာရှင်များအဖွဲ့မှ ကျွမ်းကျင်သူ ပညာရှင်များသည် စစ်မှန်မှု၊ ရင်းနှီးမှုနှင့် ရိုးသားမှု ဟူသော သဘောတရားကို  ပြန့်ပွားစေပြီး   ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံသင့်ကာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းကို လက်တွဲ ကောင်းမွန်စွာ မိတ်ဆက်ပေး၍ တရုတ်နှင့် အာဖရိကတို့၏ ခေတ်မီတိုးတက်ရေး ပူးပေါင်းကြိုးပမ်းမှုများအတွက် အကျိုးဆောင်ရန် လိုအပ်ကြောင်း ပြောကြားကြသည်။