“တရုတ်-အာဖရိက မေတ္တာရေစက်” ပဉ္စမ အကြိမ် တရုတ်ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲ အစီအစဉ်များ ထုတ်လွှင့်ပြသပွဲကို ကိုင်ရိုတွင် စတင်

(GMT+08:00)2024-08-22 14:48:45  

သြဂုတ်လ ၂၀ ရက်နေ့တွင် “တရုတ်-အာဖရိက မေတ္တာရေစက်”  ပဉ္စမ အကြိမ် တရုတ်ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲ အစီအစဉ်များ ထုတ်လွှင့်ပြသပွဲ ကို အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်တွင် တရားဝင်ကျင်းပခဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်နှင့် အာရဗီများ အပါအဝင် ဘာသာစကား ၇ မျိုးဖြင့် အကောင်းဆုံး တရုတ်ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲ အစီအစဉ် ၂၀ ကျော်ကို အာဖရိကနိုင်ငံ ၁၅ နိုင်ငံရှိ ပင်မမီဒီယာ ၂၀ ကျော်မှတစ်ဆင့် ပရိသတ်များအတွက် ဆက်တိုက် တင်ဆက်ပြသမည်ဖြစ်ပါသည်။

ယခုအကြိမ် ပြသပွဲသည် China Media Group နှင့် အီဂျစ်၊ ကင်ညာ၊ တန်ဇန်းနီးယား၊ အီသီယိုးပီးယားနှင့် ဘူရွန်ဒီစသည့် အာဖရိကနိုင်ငံများမှ မီဒီယာများနှင့် ပူးတွဲကျင်းပခြင်းဖြစ်ပါသည်။ ၎င်းတို့အစီအစဉ်များတွင် ဖူလာနီနှင့် အမ်ဟာရစ်ဘာသာဖြင့် ဘာသာပြန်ထားသည့် တရုတ်ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများကို အာဖရိကတွင် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်ပါသည်။