ယခုလ ၂၁ရက်နေ့က အစ္စရေးကာကွယ်ရေးဝန်ကြီး ဂျာလန်တယ်က အစ္စရေးစစ်တပ်သည် ဟားမတ်စ်၏ရာဖာတပ်ကို အနိုင်ယူပြီး ရာဖာဒေသရှိ မြေအောက်ဥမင်လိုဏ်ခေါင်းပေါင်း ၁၅၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။
ထိုနေ့တွင်ပင် အစ္စရေးဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ချက်အရ မီဒီယာအချို့၏ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက“ဖီလာဒဲလ်ဖီးယားစင်္ကြံ”မှ အစ္စရေး စစ်တပ် ရုပ်သိမ်းရန် သဘောတူခဲ့သည့် သတင်းထုတ်ပြန်ချက် သည် သတင်းအတုဖြစ်ကြောင်း၊ ဂါဇာကမ်းမြှောင်သည် အစ္စရေးနိုင်ငံအတွက် လုံခြုံရေးကို ခြိမ်းခြောက်မှု နောက်ဘယ်တော့မှ ထပ်မဖြစ်စေရေး အပါအဝင် လုံခြုံရေး ကက်ဘိနက်အဖွဲ့မှ ချမှတ်ထားသည့် ရည်မှန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန် အခိုင်အမာ စွဲကိုင်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။