ယီမင်ရေပိုင်နက်တွင် ကုန်တင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီး အမေရိကန်နှင့် ဗြိတိန်တို့က Hudaydah မြို့ကို လေကြောင်းမှ တိုက်ခိုက်

(GMT+08:00)2024-08-22 11:50:43  

ဒေသစံတော်ချိန် သြဂုတ်လ ၂၁ ရက်နေ့က ကုန်တင်သင်္ဘော ၂ စင်းသည် ယီမင် အနောက်ပိုင်း Hudaydahမြို့ နှင့် တောင်ပိုင်း Aden မြို့အနီး ရေပြင်တွင် တိုက်ခိုက်မှုခံရပြီး၊ ထို့နောက်တွင် အမေရိကန်နှင့် ဗြိတိန်မဟာမိတ်တပ်ဖွဲ့သည် Hudaydahမြို့ရှိ Salif ဒေသကို လေကြောင်းမှ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဂရိအလံလွှင့်တင်ထားသော ကုန်တင်သင်္ဘော "Sounion" သည် ၂၁ ရက်နေ့တွင် Hudaydahမြို့ ၏အနောက်ဘက် ရေမိုင် ၇၇.၅ မိုင်ခန့်အကွာ ပင်လယ်နီတွင် ယီမင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ယီမင်ရေတပ်မှအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။  ထို့အပြင်၊ ၂၁ ရက်နေ့ညနေပိုင်းက ကုန်တင်သင်္ဘောတစ်စင်းသည် အေဒင် တောင်ဘက် ရေမိုင် ၅၇ မိုင်ခန့် အကွာတွင် တိုက်ခိုက်မှု ခံခဲ့ရကြောင်း ဗြိတိန် ရေကြောင်းကုန်သွယ်မှု လှုပ်ရှားမှုရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။