ဈေးကွက်ဝင်ခွင့်ပြုမှုစနစ် ပြီးပြည့်စုံစေရန်အတွက် ဗဟိုအစိုးရမှ ပထမဆုံးအကြိမ် စာတမ်းကို ထုတ်ပြန်

(GMT+08:00)2024-08-22 14:50:10  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် ဈေးကွက်ဝင်ခွင့်ပြုမှုစနစ် ပြီးပြည့်စုံစေပြီး လုပ်ငန်းပုံစံသစ်နှင့် နယ်ပယ်သစ်များမှ ဈေးကွက်ဝင်ရောက်မှု ပတ်ဝန်းကျင်များကို ကောင်းမွန်စေရမည်ဟု သိသာထင်ရှားစွာ ဖော်ပြခဲ့ပါသည်။

ယခုလ ၂၁ ရက်နေ့က (တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေရေးရာရုံး ၊ နိုင်ငံတော်ကောင်စီ အထွေထွေရေးရာရုံးတို့မှ  ဈေးကွက်ဝင်ခွင့်ပြုမှုစနစ် ပြီးပြည့်စုံမှုဆိုင်ရာ သဘောထားမှတ်ချက်) ကို တရားဝင်ထုတ်ပြန်ခဲ့ပါသည်။ ၎င်းသဘောထားမှတ်ချက်သည် ဗဟိုအစိုးရမှ ပထမဆုံးအကြိမ် ဈေးကွက်ဝင်ခွင့်ပြုမှုစနစ်ထူထောင်ရေးဆိုင်ရာ အထူးထုတ်ပြန်ထားသည့် မူဝါဒရေးရာ စာတမ်းဖြစ်သည်ဟု သတင်းအရသိရပါသည်။