စစ်သုံ့ပန်းများ လဲလှယ်ရေးဆိုင်ရာ ရုရှားနှင့် ညှိနှိုင်းနေသည်ဟု ယူကရိန်း အရာရှိဆို

(GMT+08:00)2024-08-22 11:30:18  

ယူကရိန်းနိုင်ငံ လွှတ်တော်လူ့အခွင့်အရေးကော်မရှင် commissioner Dmitry Lubynets က မိတ်ဖက်များ၏အကူအညီဖြင့် ယူကရိန်းသည် စစ်သုံ့ပန်းများလဲလှယ်ရေးဆိုင်ရာ ရုရှားနှင့် ညှိနှိုင်းနေကြောင်း ဒေသစံတော်ချိန် ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှားမှ ဖမ်းဆီးထားသော ယူကရိန်းနိုင်ငံသားများကို ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်ပို့ရန် အဆိုပြုချက်များကို အမြဲတမ်း ထောက်ခံထားကြောင်း၊ Kursk ဒေသတွင် စစ်ရေး လုပ်ဆောင်မှုများ စတင်ပြီးနောက် ရုရှားဘက်မှ သက်ဆိုင်ရာ ဆန္ဒကို ဖော်ပြခဲ့ခြင်းကြောင့် အချိန်ကျလာတဲ့အခါ စစ်သုံ့ပန်းများ လဲလှယ်နိုင်ရန် မျှော်လင့်ချက်ရှိကြောင်း ပြောကြားခဲ့သည်။