တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno သည် သြဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက် မည်ဖြစ်ကြောင်း၊ ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများသည် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ ယန္တရား၏ ပဉ္စမအကြိမ် အစည်းအဝေးကို ပူးတွဲဦးစီးကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က သြဂုတ်လ ၂၁ရက်နေ့တွင် ကြေညာခဲ့ပါသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno သည် တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက် မည်
(GMT+08:00)2024-08-22 14:49:11