ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တပ်တော်စုသစ် ၃ ခုကို ဖွဲ့စည်းကြောင်း ကြေညာပြီး၊ စတုရန်း ကီလိုမီတာ ၁၂၅၀ ရှိ ရုရှားနယ်မြေကို ထိန်းချုပ်နိုင်ခဲ့ဟု ယူကရိန်း ဆို

(GMT+08:00)2024-08-21 15:55:04  

ယူကရိန်းနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသည့် Kursk ၊ Belgorod နှင့် Bryansk ပြည်နယ်များတွင်  အခြေအနေတင်းမာမှု အဆက်မပြတ် ဆိုးရွားလာခြင်းကို တုံ့ပြန်သည့် အနေဖြင့် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက တပ်တော်စုသစ် ၃ ခုကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါသည်။ ယူကရိန်းနိုင်ငံသမ္မတ Zelensky က ယူကရိန်းစစ်တပ်သည် Kursk ပြည်နယ် မှ  စတုရန်းကီလိုမီတာ ၁၂၅၀ ကျော်ရှိသည့် နယ်မြေကို ထိန်းချုပ်ခဲ့ပြီဖြစ်ကြောင်း ယခုလ ၁၉ ရက်နေ့ညက ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။