သြဂုတ်လ ၁၉ရက်နေ့က Sabina Shoal၌ သင်္ဘောတိုက်မိမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ပြီး တရုတ်နိုင်ငံ၏ အန္တရာယ် ရှိသောလုပ်ရပ်ကြောင့် အခြေအနေတင်းမာမှုကို အရှိန်မြင့်စေသည်ဟု အမေရိကန်နှင့် ဖိလစ်ပိုင်ဆိုင်ရာ အမေရိကန်နှင့် ၄င်း၏ မဟာမိတ်နိုင်ငံသံရုံးများ၏ အပြစ်တင်ရှုတ်ချခဲ့ခြင်း နှင့် စပ်လျဉ်း၍ တရုတ်သံရုံးအနေနှင့် မည်သို့ ဝေဖန်ချက်ရှိသနည်းဟု သတင်းထောက်က မေးမြန်းခဲ့ပါသည်။
ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် တရုတ်- ဖိလစ်ပိုင်အကြား ပင်လယ်ဆိုင်ရာအငြင်းပွားမှုကို ဆွေးနွေးခြင်းဖြင့် သင့်လျော်စွာဖြေရှင်းရန် တစ်လျှောက်လုံး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဖိလစ်ပိုင်အနေနှင့် ကတိခံဝန်ချက်ကို လိုက်နာပြီး တရုတ်နိုင်ငံနှင့် ရရှိခဲ့သောသဘောတူညီမှုနှင့်စီစဉ်မှုများကို ထိရောက်စွာ လိုက်နာဆောင်ရွက်ကာ အခြေအနေရှုပ်ထွေးစေသောလုပ်ရပ်များကို မကျင့်သုံး မဆောင်ရွက်ဘဲ တရုတ်နိုင်ငံနှင့်အတူ ပင်လယ်ဆိုင်ရာအခြေအနေကို ကောင်းမွန်စွာ ပူးတွဲစီမံထိန်းချုပ်ရန် မျှော်လင့်ကြောင်း၊ အမေရိကန်နှင့် သက်ဆိုင်ရာနိုင်ငံများသည် တောင်ပင်လယ်ပြဿနာ ဆိုင်ရာ နိုင်ငံများ မဟုတ်ဘဲ တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား ပင်လယ်ဆိုင်ရာပြဿနာကို ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း၊ ၎င်းတို့သည် တောင်ပင်လယ်၌ ရန်စမှု သွေးထိုးလှုံ့ဆော်ခြင်းကို ရပ်စဲပြီး ဒေသတွင်းတည်ငြိမ်မှု ဖျက်ဆီးခြင်းနှင့် အခြေအနေ တင်းမာမှု အရှိန်မြင့်စေခြင်းအား မလုပ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။