တရုတ်-ဗီယက်နမ် “ရဲဘော်နှင့် ညီအစ်ကို” အစဉ်အလာ ချစ်ကြည်ရေးသည် ရှင်သန်မှုသစ်ကို မည်သို့ ဖော်ဆောင်မည်နည်း

(GMT+08:00)2024-08-21 15:53:35  

နှစ်နိုင်ငံ အကြား “ရဲဘော်နှင့် ညီအစ်ကို” ဆက်ဆံမှု လို့ ပြောတာနဲ့ လူအများသည် တရုတ်-ဗီယက်နမ် ဆက်ဆံမှုကို တွေးမိတတ်သည်။ လွန်ခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက နှစ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် အနက်အဓိပ္ပါယ် ရှိသည့် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မည်ဟု အတူတကွ ကြေညာပြီး ပါတီ ၂ခုနှင့် နှစ်နိုင်ငံ အကြား ဆက်ဆံမှု ဖွံ့ဖြိုး တိုးတက်ရေး အဆင့်ကာလသစ်ကို ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် တရုတ်-ဗီယက်နမ် “ရဲဘော်နှင့် ညီအစ်ကို” အစဉ်အလာ ချစ်ကြည်ရေးသည် ရှင်သန်မှုသစ်ကို မည်သို့ ဖော်ဆောင် မည်နည်း။

ယခုလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ To Lamသည် တရုတ် နိုင်ငံသို့ တရားဝင် ခရီး လှည့်လည်စဉ်တွင် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တို့သည် အဖြေကို ပေးကြသည်။ ၁၉ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် To Lamနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်က ဗီယက်နမ်ကို တရုတ်နိုင်ငံ၏ အိမ်နီးချင်း သံတမန်ဆက်ဆံရေးတွင် ဦးစားပေးမှု အဖြစ် သတ်မှတ်ထားပြီး နှစ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် အနက်အဓိပ္ပါယ် ရှိသည့် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်တိုက် နက်ရှိုင်းစေမည် ဖြစ်ကာ "ပိုမိုကောင်းမွန်မှု ခြောက်ခု" (ပိုမိုမြင့်တက်သော နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု၊ ပိုမိုလက်တွေ့ကျသော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ ပိုမို နက်ရှိုင်းသော လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုခိုင်မာသော အများပြည်သူ၏ သဘေားထားဆန္ဒ ဖောင်ဒေးရှင်း၊ ပိုမိုနီးကပ်သော ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းမှု၊ သဘောကွဲလွဲမှုများကို ပိုမိုကောင်းမွန်စွာ စီမံထိန်းချုပ်မှု) ဖွံ့ဖြိုးတိုးတက်ရေး အနေအထားကို ခိုင်မာစေမည် ဖြစ်ကြောင်း ပြောကြားသည်။ ဗီယက်နမ်က တရုတ် နိုင်ငံကို ဗီယက်နမ် နိုင်ငံခြားရေး မူဝါဒ၏ မဟာဗျူဟာမြောက် ရွေးချယ်မှုနှင့် ထိပ်ဆုံး ဦးစားပေးမှု အဖြစ် သတ်မှတ်ထားပြီး "ပိုမိုကောင်းမွန်မှု ခြောက်ခု" အထွေထွေ ရည်မှန်းချက် အတိုင်း ဗီယက်နမ်-တရုတ် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို နက်ရှိုင်းစေကာ မဟာဗျူဟာမြောက် အနက်အဓိပ္ပါယ် ရှိသည့်  ဗီယက်နမ်-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

နှစ်ဖက်တို့၏ သဘောထား ဖော်ပြချက်သည် ပါတီ ၂ခုနှင့် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ချက်ကို ညွှန်ပြပေးကြောင်း၊ တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းစေရေးသည် အချိန်ကိုက် ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ ဘုံလိုအင်ဆန္ဒလည်း ဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းစေရေးသည် နှစ်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် အပြင်၊ ကမ္ဘာကို ရှေးရှုရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှုသည် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းစေရေး အတွက် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း၊ တရုတ်-ဗီယက်နမ် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု ရင်းနှီးပြီး လုပ်ငန်း ဆိုင်ရာ အပြန်အလှန် ဖြည့်ဆည်းမှု များစွာ ရှိကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ရှေ့အလားအလာ များစွာ ရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ အကြားလည်း ချစ်ခင်ရင်းနှီးသော ပေါင်းသင်းဆက်ဆံမှု ရှိကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

        အနာဂတ်တွင် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းစွာ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရေးသည် နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုပြီး ဒေသတွင်းနှင့် ကမ္ဘာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုများပြားသည့် အကျိုးပြုမှုများကိုလည်း စွမ်းဆောင်မည် ဖြစ်သည်။ ခေတ်ကာလ သစ်တွင် တရုတ်-ဗီယက်နမ် “ရဲဘော်နှင့် ညီအစ်ကို” အစဉ်အလာ ချစ်ကြည်ရေးသည် ရှင်သန်မှုသစ် ပေါ်လွင်လာမည် ဖြစ်သည်။