အာဇာဘိုင်ဂျန်သည် BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် ပါဝင်ရန် တရားဝင်လျှောက်ထား

(GMT+08:00)2024-08-21 15:54:35  

ဒေသစံတော်ချိန် ဩဂုတ်လ ၂၀ ရက်နေ့တွင် အာဇာဘိုင်ဂျန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အာဇာဘိုင်ဂျန်နိုင်ငံသည် BRICS ပူးပေါင်းဆောင်ရွက်ရေး ယန္တရားမှာ ပါဝင်ရန် တရားဝင် လျှောက်လွှာတင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု  China Media Groupမှ သတင်းအရ သိရပါသည်။

BRICS ဟူသောအမည်သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် ၄ နိုင်ငံတို့၏ အင်္ဂလိပ်အမည်များ၏ အတိုကောက်မှ ဆင်းသက်လာခြင်းဖြစ်သည်။