ရှီကျင့်ဖိန်သည် ဖီဂျီဝန်ကြီးချုပ် ရာဘူကာနှင့် တွေ့ဆုံ

(GMT+08:00)2024-08-21 15:51:37  

ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေသော ဖီဂျီဝန်ကြီးချုပ် ရာဘူကာနှင့် တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တရုတ်-ဖီဂျီ ဆက်ဆံရေးကို အလွန်အလေးထားပြီး ဖီဂျီ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တတ်နိုင်သမျှ ဆက်လက် ပံ့ပိုးကူညီပေးလိုကြောင်း၊ ဖီဂျီနှင့် လက်တွဲပြီး တရုတ်-ဖီဂျီ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးပြုရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

ရာဘူကာက တရုတ်နိုင်ငံ၏ ခေတ်မီသော အယူအဆများနှင့် အောင်မြင်သော အတွေ့အကြုံများကို၊ အထူးသဖြင့် အခြေခံလူတန်းစားများထံ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ပြည်သူများ၏ အသံများ နားထောင်ခြင်းကို လေ့လာသင်ယူရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အခြေခံအဆောက်အအုံနှင့် အပြန်အလှန်ချိတ်ဆက်မှု စသည့် နယ်ပယ်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ "Belt and Road" ကို ဆက်လက် လက်တွဲ တည်ဆောက်ရန်၊ ပစိဖိတ်သမုဒ္ဒရာကို ငြိမ်းချမ်းသော သမုဒ္ဒရာဖြစ်အောင် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။