တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟို စစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၃၃ကြိမ်မြောက် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်သည့် တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့ကို သြဂုတ်လ ၂၀ရက်နေ့ ညနေပိုင်းက တရုတ်ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က ခင်ဗျားတို့သည် ပါရီအိုလံပစ်တွင် စည်းလုံးညီညွတ်ပြီး သတ္တိရှိရှိ ကြိုးပမ်းအားထုတ် ယှဉ်ပြိုင်၍ အမိနိုင်ငံအတွက် ပြည်ပနိုင်ငံများ၌နွေရာသီအိုလံပစ်ပြိုင်ပွဲများတွင် ပါဝင်ခဲ့သည့် သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်များကို ရရှိခဲ့ပြီး အမိနိုင်ငံနှင့် ပြည်သူများအတွက် ဂုဏ်ပြောင်မှုများ ဆောင်ကြဉ်းပေးခဲ့ကြကြောင်း၊ မိမိသည် ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီကိုယ်စား လှိုက်လှဲစွာ ထောမနာပြုပြီး တရုတ်ပြည်တစ်ပြည်လုံးရှိ အားကစားကဏ္ဍတွင် ပါဝင်သူများကို စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သပါကြောင်း ပြောကြားခဲ့ပါသည်။