"ဆန်ကမောက်ကမ" က လူထုကို စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး ဂျပန်ပြည်သူများသည် ဆန် သိုလှောင်ရန် စိတ်စောနေ

(GMT+08:00)2024-08-21 15:56:00  

 ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်သောအစီရင်ခံစာအရ ယခုနှစ် ဇွန်လ လကုန်တွင် ဂျပန်နိုင်ငံ၏ ဆန်လုံးညို သိုလှောင်မှု အနိမ့်ဆုံးသို့ စံချိန်တင် ရောက်ရှိခဲ့ပြီး ပျမ်းမျှ အရောင်းအဝယ် ဈေးနှုန်းသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၄ ရာခိုင်နှုန်း  မြင့်တက်လာကာ ပြီးခဲ့သော ၁၁ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံရှိ ဈေးကွက်အများအပြားတွင် ဆန်ဝယ်ရန် ခက်ခဲနေသောကြောင့် လူအများ၏စိုးရိမ်မှုကို ဖြစ်ပေါ်စေကြောင်း ဂျပန်နိုင်ငံ Yahoo News မှ ၂၀ ရက်နေ့ ထုတ်ပြန်သောသတင်းအရ သိရပါသည်။