သြဂုတ်လ ၂၀ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်၏ Inter Parliamentary Unionကို ပါဝင်ခဲ့သည့် နှစ်၄၀ပြည့်မြောက်ခြင်း အထိမ်းအမှတ်လှုပ်ရှားမှု နှင့် ဆဋ္ဌမအကြိမ်မြောက် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လွှတ်တော်အမတ်များ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော နိုင်ငံခြားလွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ ပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ တန်းတူညီမျှပြီး စည်းစနစ်ကျ သော ကမ္ဘာကြီး ဝင်ရိုးစုံ တိုးတက်ခြင်း (Multi-polarization) နှင့် အားလုံးပါဝင်ပြီး အကျိုး ရရှိနိုင်သည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို တိုက်တွန်းအားပေး၍ လူသားကံကြမ္မာတူ အသိုက်အဝန်းကို ထူထောင်ရန် တွန်းအားပေးကာ မိမိတို့ နေထိုင်ကြသောကမ္ဘာမြေကို သင့်မြတ်သောမိသားစုကြီးအဖြစ် ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ တရုတ်နိုင်ငံ သည် နိုင်ငံအသီးသီးမှ တရားဥပဒေပြုရေးဌာနများနှင့် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး ကိုယ့်နိုင်ငံ ထူးခြားချက် ဝိသေသနှင့် ကိုက်ညီသော ခေတ်မီရေးလမ်းကြောင်းကို ရှာဖွေရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။