တရုတ်-ဗီယက်နမ် ရထားလမ်းသည် နှစ်နိုင်ငံအကြား ဆက်စပ်ပေးသည့် အရေးကြီးသော ကုန်စည် ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်ပါသည်။ ယခုနှစ် ပထမခုနစ်လအတွင်း ကွမ်ရှီးမှ ထွက်ခွါလာသည့် တရုတ်-ဗီယက်နမ် ရထားများမှ စုစုပေါင်း TEU ၆၈၅၀ကို ပို့ဆောင်ခဲ့ပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၆ ဆ တိုးလာကြောင်း၊ ဇူလိုင်လတစ်လအတွင်း စုစုပေါင်း တင်ပို့မှုပမာဏ မှာ ၁၉၂၂ TEU ရှိပြီး ယခုနှစ် ပထမသုံးလပတ် စုစုပေါင်း ပမာဏထက် ကျော်လွန်ကာ လစဉ် တင်ပို့မှုပမာဏ စံချိန်သစ်ကို တတိယအကြိမ် တင်လိုက်ကြောင်း သတင်း ရရှိပါသည်။
ဗီယက်နမ်နှင့် အခြားအရှေ့တောင်အာရှနိုင်ငံများမှ ထွက်ရှိသော mangosteenနှင့် ဒူးရင်းသီးကဲ့သို့သော သစ်သီးဝလံများသည် တရုတ်-ဗီယက်နမ် ရထားလမ်းကြောင်းမှတစ်ဆင့် ကွမ်ရှီး ပင်ရှမ်မြို့သို့ ဝင်ရောက်လာပြီး ကွမ်တုန်း၊ ကျဲ့ကျန်း၊ ဟိုဘေ နှင့် အခြားနေရာဒေသများသို့ သယ်ယူပို့ဆောင်ခဲ့ပါသည်။