ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကြားဖြတ် အဆိုပြုချက်ကို အစ္စရေးက လက်ခံပြီဟု အမေရိကန် ဆို

(GMT+08:00)2024-08-20 10:53:47  

ဒေသစံတော်ချိန် သြဂုတ် ၁၉ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က အစ္စရေးဝန်ကြီးချုပ် Netanyahu နှင့် တွေ့ဆုံပြီးနောက် အစ္စရေးသည် ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးနှင့် အဖမ်းခံရသူများ လွှတ်ပေးရေး ဆိုင်ရာ ကြားဖြတ် အဆိုပြုချက်ကို လက်ခံနေပြီဖြစ်ကြောင်း ပြောကြားပြီး ပါလက်စတိုင်း အစ္စလာမ္မစ် ခုခံရေး လှုပ်ရှားမှု (ဟားမတ်စ်) အဖွဲ့အား တူညီသော တုံ့ပြန်မှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ဟားမတ်စ်က တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရပါသည်။