ယခုလ ၂၀ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံက ၂၀၂၄ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီး အစည်းအဝေးကို စက်တင်ဘာလ ၄ရက်နေ့မှ ၆ရက်နေ့ အထိ ဘေကျင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

(GMT+08:00)2024-08-20 20:12:37  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် သြဂုတ်လ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူး ကျင်းပခဲ့ပါသည်။ သြဂုတ်လ ၁၉ ရက်နေ့က ဖိလစ်ပိုင်နှင့် တရုတ်ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့တို့၏ သင်္ဘောများ တိုက်မိခဲ့သည်၊ အမေရိကန်နိုင်ငံသည် တောင်ပင်လယ်တွင် တရုတ်နိုင်ငံ၏ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချသည့်အပြင် ဖိလစ်ပိုင်နိုင်ငံအား ထောက်ခံ ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်၊ တရုတ်နိုင်ငံအနေဖြင့် ယင်းကို မည်ကဲ့သို့ ဝေဖန်သုံးသပ်သနည်းဟု သတင်းထောက်က မေးမြန်းခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ၄င်းမေးမြန်းချက်ကို ဖြေကြားရာတွင် သြဂုတ်လ ၁၉ ရက်နေ့က မိမိအနေဖြင့် ဖိလစ်ပိုင်ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့၏ သင်္ဘောမှ တရုတ် နိုင်ငံ နန်ဆားကျွန်းစု Sabina Shoal အနီးတစ်ဝိုက်ပင်လယ်ရပ်ဝန်းသို့ ကျူးကျော်ခဲ့ခြင်း အပေါ် တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ပြီ ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံ၏အခွင့်အရေးကို ကျူးကျော်ထိပါးခဲ့သဖြင့် တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ အခွင့်အရေးကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်ချက် ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ့်ပိုင်နက်နယ်မြေ အချုပ်အခြာနှင့် အဏ္ဏဝါရေးရာ အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းရန်ပင် ဖြစ်ပြီး တရားမျှတကာ ပြစ်တင်ရှုတ်ချရန် အကြောင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ မော်နင် က အမေရိကန်နိုင်ငံသည် တောင်ပင်လယ်ပြဿနာ၏ ကာယကံရှင်မဟုတ်သဖြင့် တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား ပင်လယ်ရေးရာပြဿနာတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ၊ အမေရိကန်-ဖိလစ်ပိုင်အတူတကွကာကွယ်ရေး သဘောတူ စာချုပ်ကို အကြောင်းပြပြီး တောင်ပင်လယ်တွင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အခွင့်အရေးကို ထိခိုက်၍ မရပေ၊ အမေရိကန်နိုင်ငံသည် တောင်ပင်လယ်တွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို  ရပ်စဲသင့်ပြီး အခြေအနေပိုမိုမဆိုးဝါးစေရန် ဒေသတွင်း တည်ငြိမ်ရေးကို အနှောင့်အယှက်မပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။